Port ဆိုတာဘာလည်း?


Port ဆိုတာ Opration System တစ်ခုမှာ ချိတ်ဆက်မှုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ communication session တစ်ခုမှာ ဦးတည် တဲ့ address သို့မဟုတ် မူရင်း address တွေ ဆီရောက်နိုင်ဖို့ host တစ်ခုရဲ့ IP address နှင့် ချိတ်ဆက်မှု protocol များနှင့် အမြဲ ပူးတွဲပါ တဲ့ ဆုံးမှတ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ - ခင်ဗျား တိုက်ခန်းကို ပီဇာလာပို့ဖို့ မှာတဲ့အခါ အမြန်ပို့ရန်၊ ပုံမှန်ပို့ရန် သတ်မှတ်ချက်က- protocol ပါ၊ ခင်ဗျားအခန်းရှိတဲ့ တိုက်က- ကွန်ပြူတာပါ၊ ၎င်းတိုက်နံပါတ်က IP address ပါ၊ ခင်ဗျားအခန်းနံပါတ်က - port နံပါတ်ပါ၊ ခင်ဗျား အခန်းကို ရောက်တဲ့အခါ၊ ခင်ဗျားက ပီဇာဖိုးရှင်းပေးမယ့် - Application ပါ။ Port နံပါတ်တစ်ခုက 16 bits နံပါတ်ဖြစ်ပါတယ်။ အသုံးများတဲ့ port အချို့ကိုဖေါ်ပြပေးထားပါတယ် - • 21: File Transfer Protocol (FTP) • 22: Secure Shell (SSH) • 23: Telnet remote login service • 25: Simple Mail Transfer Protocol (SMTP) • 53: Domain Name System (DNS) service • 80: Hypertext Transfer Protocol (HTTP) used in the World Wide Web • 110: Post Office Protocol (POP3) • 119: Network News Transfer Protocol (NNTP) • 123: Network Time Protocol (NTP) • 143: Internet Message Access Protocol (IMAP) • 161: Simple Network Management Protocol (SNMP) • 194: Internet Relay Chat (IRC) • 443: HTTP Secure (HTTPS)

လူသိများတဲ့ port တွေကို ဒီလင်ခ့် မှာ ဒေါင်းနိုင်ပါတယ်။
Download
လွတ်လပ်စွာမျှဝေသုံးစွဲနိုင်ပါတယ်။

Crd