Proxy Server အကြောင်း
Proxy server မှား (3) မျိုးရှိပါတယ်
1-Proxy Server
2-Anonymous Proxy Server
3-Free Proxy Server
တို့ဖြစ်ပါတယ်
1-Proxy Server
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက်တော်တော်များများကိုထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါအရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server ကသူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့Website ရှိရင်ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့်အင်တာနက်သုံးစွဲရတဲ့သူအဖို့ပိုပြီးမြန်တဲ့ကောင်းကျိုးကိုခံစားရပါလိမ့်မယ်။ ဒါပေမဲ့မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲလုပ်ထားသလားလို့တောင်ထင်ရပါတယ်။ ဒါ့အပြင်မြန်မာပြည်မှာရှိတဲ့တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင်သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကိုအများကြီး ပေးထားတယ်နဲ့တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Serverတွေမြန်မာပြည်မှာ ရှိပေမဲ့သုံးတဲ့အခါ username နဲ့password တောင်းတာကိုတွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)
2-Anonymous Proxy Server
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကိုအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲကအချက်အလက်တွေကိုတောင်မှလှမ်းခိုးနိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက်ကလည်းအလကားရတဲ့ Hacking program လေးတွေ ကိုသုံးပြီး လုပ်နိုင်ပါတယ်။Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကိုဖျောက်ပေး နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တ ဲ့ Website ကိုကြည့်ရင်တောင်မှကျွန်တော်တို့ရဲ့ IP ကိုအဲဒီ Site ဟာ မသိနိုင်ပါဘူး။Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကိုဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကိုပို့ပေးလေ့ရှိပါတယ်။
3-Free Proxy Server
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။
_______________________________________________________
_______________________________________________
Proxy Server အမျိုးအစားများ
1-HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့် နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။
2-SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွဲွှယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
3-CGI Proxy CGI Proxy
Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
4-FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTPProxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
________________________________________________________
_______________________________________________
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။ ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ် သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ) ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်
#Cd
